ပညာရေးသတင်းများ သင်တန်း

အင်္ဂလိပ်သီချင်းများမှတစ်ဆင့် Civic Learning Space

Dec 09, 2025

အားလုံးပဲ မင်္ဂလာပါ🔔🔔🔔 Level Up College မှ လူငယ်များစိတ်ဝင်စားကြမည့် "Civic Learning Space through English Songs" အစီအစဉ်တစ်ခုနှင့် ထပ်မံမိတ်ဆက်ပေးချင်ပါတယ်။“Civic Learning Space through English Songs” အစီအစဉ်သည် ကရင်နီပြည်နယ်အတွင်းရှိ လူငယ်များအတွက် အင်္ဂလိပ်သီချင်းများလေ့လာခြင်းအားဖြင့် မိမိတို့၏စိတ်ခံစားချက်များဖော်ထုတ်ခြင်း၊ သီချင်းစာသားများမှတစ်ဆင့် ပြည်သူ့နီတိသဘောတရား (နိုင်ငံသားတိုင်းရသင့်ရထိုက်သောအခွင့်အရေးများနှင့် တာ၀န်၀တ္တရားများ၊ နှင့် လူငယ်များနှင့် ဆက်စပ်သောလူမှုပြသာနာများကို အပြန်အလှန်ဆွေးနွေးလေ့လာခြင်း)၊ အင်္ဂလိပ်စာစွမ်းရည်တိုးတက်ချင်သောလူငယ်များအတွက် အင်္ဂလိပ်သီချင်းဖြင့် အင်္ဂလိပ်ဝေါဟာရအသစ်များ ဆက်စပ်လေ့လာခြင်း၊ တေးဂီတများမှတဆင့် စိတ်ဒါဏ်ရာများ ဖြေလျော့စေခြင်း နှင့် အပြန်အလှန်နှစ်သိမ့်ခွန်အားပေးခြင်း စသည့်လုပ်ဆောင်ချက်များပါဝင်မည်ဖြစ်သည်။ သင်တန်းလျှောက်လိုပါက အောက်တွင်ဖော်ပြထားသော google form မှ တစ်ဆင့် လျှောက်ထားနိုင်ပါသည်။

  • Application Form Link - https://forms.gle/vhwUJccKEzWTGGrM7
  • Link ဖြင့် လျှောက်ထားရန်အဆင်မပြေသူများအတွက် ကယောလူငယ်ရုံးတွင် လျှောက်လွှာရယူနိုင်ပါသည်။

သင်တန်းနှင့်ဆက်စပ်အချက်အလက်များ

  • တက်ရောက်နိုင်သောသူများ - အသက် ၁၈ နှစ် မှ ၃၅ နှစ်အတွင်းလူငယ်များ။
  • လက်ခံမည့်သင်တန်းသားဦးရေ - ၃၀ ဦး(ကျား၊မ)။
  • သင်တန်းကြေး - အခမဲ့​(သင်တန်းအစအဆုံးပါဝင်တက်ရောက်နိုင်သူဖြစ်ရမည်)
  • သင်တန်းကြာချိန် - (၄) ပတ် ( အောက်တိုဘာလ ၆ - ၃၁ ရက်နေ့ထိ)။
  • သင်တန်းချိန် - တစ်ရက် ၄ နာရီ (တစ်ပတ်လျှင် ၅ ရက်)။
  • သင်တန်းတည်နေရာ -ဖရူဆိုမြို့နယ်၊ဟိုယာကျေးရွာ။
  • လျောက်လွှာပိတ်ရက် - စက်တင်ဘာလ ၂၅၊ ၂၀၂၅
  • အင်တာဗျူးဖြေဆိုရမည့်ရက် - ၂၀၂၅ အောက်တိုဘာ​လ​ ၁​ရက်နေ့​(လျှောက်ထားသူအားလုံးအင်တာဗျူးလာဖြေရမည်)
  • မှတ်ချက် - သင်တန်းတက်ရောက်ရန်လျှောက်ထားသူများသည် သတ်မှတ်ထားသော သင်တန်းချိန်အတိုင်း (အစ မှ အဆုံး) ပြီးမြောက်အောင်တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းလျှောက်လွှာတွင် မိမိကိုထောက်ခံသည့် လူပုဂ္ဂိုလ်တစ်ဦးဦးထည့်ပေးရမည်။
ပညာရေးသတင်းများ ဒေါင်းလုဒ်လုပ်နိုင်သော ပူးတွဲပါဖိုင် စမ်းသပ်မှု ၀၀၁

Credit: Facebook။ (n.d.)။ အသုံးပြုသူ [Level Up College] မှ ပို့စ်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် https://www.facebook.com/share/p/1E75BJn3js/ မှ ရယူထားသည်။