ပညာရေးသတင်းများ သင်တန်း

အာဏာရှင်စနစ်၊ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ပဋိပက္ခလေ့လာရေးဆိုင်ရာ ဒီပလိုမာ

Apr 08, 2026

  • နိုင်ငံရေးကို စိတ်ဝင်စားပြီး ပညာရပ်ဆိုင်ရာရှုထောင့်ကနေ နက်နက်ရှိုင်းရှိုင်း လေ့လာချင်သလား?

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ဘယ်လိုကူးပြောင်းကြသလဲ၊ ပဋိပက္ခတွေက ဘာကြောင့်ဖြစ်ရသလဲဆိုတာကို သီအိုရီအခြေခံနဲ့ လက်တွေ့အခင်းအကျင်းတွေကို ချိတ်ဆက်ပြီး လေ့လာနိုင်ဖို့ 𝑴𝙐𝑺𝙏 ကနေ ဒီပလိုမာသင်တန်းတစ်ခုကို မကြာခင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ 

ဒီသင်တန်းမှာတော့ -

  • အာဏာရှင်အစိုးရများ၏ သဘာဝ
  • ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်များ
  • နိုင်ငံတကာနှင့် ပြည်တွင်း ပဋိပက္ခများကိုခွဲခြမ်းစိတ်ဖြာခြင်း

တို့ကို နိုင်ငံတကာမှ ကျွမ်းကျင် ဆရာ၊ ဆရာမများမှ သင်ကြားပေးမှာဖြစ်ပါတယ်။

  •  သင်တန်းအချိန်နှင့်ရက်စွဲ 

• သင်တန်းစတင်မည့်ရက်: ဧပြီလ (၂၄) ရက်၊ ၂၀၂၆

• သင်တန်းပြီးဆုံးမည့်ရက်: ဇွန်လ (၃၀) ရက်၊ ၂၀၂၆

• သင်တန်းအချိန်: ညနေ ၇:၀၀-၉:၀၀

စ်ိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ 𝙂𝒐𝙤𝒈𝙡𝒆 𝒇𝙤𝒓𝙢 ကနေ တဆင့်လျှောက်ထားနိုင်သလို 𝑸𝙍 𝙘𝒐𝙙𝒆 ကို 𝑺𝙘𝒂𝙣 ဖတ်ပြီး ဧပြီလ (၁၇) ရက်၊ ၂၀၂၆ လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ 

Form Link - https://tinyurl.com/54dyjcvv

ဒါကြောင့်မလို့ မိမိတို့ရဲ့ နိုင်ငံရေးအသိအမြင်တွေကို ပိုမိုခိုင်မာအောင် တည်ဆောက်ဖို့နဲ့ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို ပညာရပ်ပိုင်းဆိုင်ရာအရရော လက်တွေ့အရပါ နားလည်သဘောပေါက်ဖို့အတွက် ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့။

#𝑴𝙐𝑺𝙏 #𝑫𝙚𝒎𝙤𝒄𝙧𝒂𝙩𝒊𝙘𝑻𝙧𝒂𝙣𝒔𝙞𝒕𝙞𝒐𝙣 #𝑪𝙤𝒏𝙛𝒍𝙞𝒄𝙩𝑨𝙣𝒂𝙡𝒚𝙨𝒊𝙨 #𝑺𝙩𝒖𝙙𝒚𝙊𝒏𝙡𝒊𝙣𝒆

ကူးယူဖော်ပြမှု;https://www.facebook.com/must.burma