ပြည်သူ့အုပ်ချုပ်ရေးပညာ ဒီပလိုမာ (Batch 1)
Jan 28, 2026
အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ။
Wunzin Online University _ နိုင်ငံရေးသိပ္ပံဌာနကနေ ကြိုဆိုလိုက်ပါတယ်။ စစ်ကောင်စီရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးဘက်တော်သားတွေအတွက် ဝန်ဇင်းအွန်လိုင်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနကနေ လာမယ့်မတ်လနောက်ဆုံးအပတ်မှာ စတင်ဖွင့်လှစ်တော့မဲ့ Diploma Program လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
လက်ရှိမြန်မာပြည်အခင်းအကျင်းအတွင်းမှာပဲ မြန်မာပြည်သူလူထုဟာ နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားလာကြပါတယ်။ ယခင်ခေတ်တွေလိုမဟုတ်ကြတော့ပဲ နိုင်ငံရေးကို လူကြီးလူငယ်မရွေး အမျိုးသား၊ အမျိုးသမီးတိုင်းက စိတ်ဝင်တစားရှိလာပြီး စစ်အုပ်စုရဲ့ဖိနှိပ်မှုကြားကနေ နိုင်ငံရေးပညာရပ်တွေကို ရရာနည်းလမ်းတွေကနေ မပြတ်လေ့လာနေကြပါတယ်။ နိုင်ငံရေးနဲ့အတူတကွယှဥ်တွဲပါလာတာက တော့ အုပ်ချုပ်ရေးပဲ ဖြစ်ပါတယ်။
ယခုလက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်း တော်လှန်နေကြသောဖက်ဒရယ်ယူနစ်အစိုးရတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီးတွေဟာ စစ်ရေးအပြင် အုပ်ချုပ်ရေး၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ တရားစီရင်ရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းများစွာကို လည်ပတ်လုပ်ကိုင်နေကြပါတယ်။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ကလည်း နွေဦးတော်လှန်ရေးနှင့်အတူ တိုးတက်ပြောင်းလဲလာတာနဲ့အညီ တိုင်းရင်းသားပြည်သူတွေ လိုလားကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ဖို ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက ကျရာအခန်းကဏ္ဍကနေ ပါဝင်ကြတဲ့နေရာမှာ ပြည့်သူရေးရာစီမံခန့်ခွဲမှုပညာက အထူးလိုအပ်ပါတယ်။
ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာရပ်ကိုယ်တိုင်ကလဲ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ နေထိုင်ကြတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားတိုင်းသိထားသင့်တဲ့ ဘာသာရပ်ဖြစ်ပြီး ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေး၊ ပြည်သူ့ရေးရာမူဝါဒများနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် အဘက်ဘက်က ကြိုးစားအားထုတ်ပေးပါတယ်။ မိမိတို့ ဒီမိုကရေစီဘက်တော်သားတွေ ကလဲ ဒါကိုကြိုတင်ပြင်ဆင်ဖို့လိုအပ်လာပါပြီ။ ဒါမှသာ တော်လှန်ရေးကာလအတွင်းနဲ့ တော်လှန်ရေး အလွန်ကာလတွေမှာ ဖက်ဒရယ်ဒီမိုကရေစနစ်ကိုဦးတည်တဲ့ နိုင်ငံတော်တည်ဆောက်ဖို့ ပြည်သူကို ဝန်ဆောင်မှုပေးရေးဆိုင်ရာ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ တထောင့်တစ်နေရာက ပါဝင်ဖို့ မိမိတို့ လူ့အဖွဲအစည်း အားကောင်းမောင်းသန်ဖြစ်ရေးရှေးရှုဖို့ဆိုတာတွေအတွက် ဒီ Diploma သင်တန်းက အထောက်အကူပြုနိုင်မှာ သေချာပါတယ်။
.
ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနက ဖွင့်လှစ်မဲ့ ဒီ ပြည်သူ့အုပ်ချုပ်ရေးပညာ ဒီပလိုမာသင်တန်း ဟာ အုပ်ချုပ်ရေးနယ်ပယ်မှာနေရာစုံက ပါဝင်နေသူတွေ၊ ပါဝင်လိုကြသူတွေ၊ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုမှာ ကျရာအခန်းကဏ္ဍကနေ အုပ်ချုပ်ရေးယန္တရားတွေမှာ ကျရာနေရာက တာဝန်ထမ်းဆောင်လိုသူများအပြင် ဒေသတွင်း ပြည်သူ့ရေးရာလုပ်ငန်းများကို စီမံခန့်ခွဲရာမှာ ကောင်းမွန်စွာ တာဝန်ယူဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ ဗဟုသုတတွေဖြည့်ဆည်းမည့်သူတွေ တက်ရောက်သင့်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုတက္ကသိုလ်ဖြစ်သည့် Wunzin Online University မှာ တွေ့ဆုံကြဖို့ မျှော်နေပါမယ်။
.
လူဦးရေ ကန့်သတ်ထားတာဖြစ်တဲ့အတွက် စောလျင်စွာလျှောက်ထားဖို့ အသိပေးလိုပါတယ်။
ဘယ်သူတွေလျှောက်ထားနိုင်မလဲ ?
.
လတ်တလော တော်လှန်ရေးအစုအဖွဲ့များရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်အရပ်ရပ်မှာ ပါဝင်လုပ်ကိုင်နေကြသူတွေ၊ တိုင်းရင်းသားတော်လှန်ရေး အုပ်ချုပ်ရေးအစုအဖွဲ့အစုံက ရုံးဝန်ထမ်းတွေ၊ ဖက်ဒရယ် ယူနစ်အစိုးရတွေရဲ့ ဝန်ထမ်းတွေ တက်ရောက်နိုင်ပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းမှုမတိုင်ခင်က တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော CDM ကျောင်းသား/သူများ၊ BECA အောင်မြင်ထားသောကျောင်းသား/သူများ၊ တိုင်းရင်းသားနယ်မြေအခြေစိုက် ပညာရေး အင် စတီးကျူးရှင်းတွေက အထက်တန်းအောင်မြင်ထားသူတွေ၊ CDM တက္ကသိုလ်ကျောင်းသား/သူများ၊ CDM ဆရာ/ ဆရာမများ၊ GED/IGCSE ပြီးထားသူတွေ၊ CDM ဝန်ထမ်းများနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကို စိတ်ဝင်စားပြီး သင်တန်းကာလ ၉ လကို အစမှအဆုံးထိ မပျက်မကွက်တက်ရောက်နိုင်မည်ဟု ကတိ ပြုနိုင်သော မည်သူမဆို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Commitment ကတော့ ရာခိုင်နှုန်း အပြည့် ပေးဖို့လိုပါတယ်။
ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနက ဘာတွေလုပ်နေသလဲ
ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနကို ၂၀၂၃ ခုနှစ်မှာ စတင် အသက်သွင်းခဲ့ပြီး နိုင်ငံရေးသိပ္ပံ ဒီပလိုမာ (၁၈) လ သင်တန်း(Batch-1)ကို ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၂၅ နှစ်လယ်အထိ ဆရာများနဲ့ကျောင်းသားတွေရဲ့ လုံခြုံရေးကြောင့် zero visibility လုပ်ကာ ခြေသံလုံလုံနဲ့ ချီတက်နေပါတယ်။ နိုင်ငံရေးသိပ္ပံ certificates အတန်းတွေလဲ ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ နိုင်ငံရေးသိပ္ပံဌာနဟာ တော်လှန်ရေး အင်အားစုတွေအတွက် ရည်ရွယ်တဲ့ ပြည့်သူ့အုပ်ချုပ်ရေးပညာ ဒီပလိုမာတန်းတွေဆိုပြီး အတန်းခွဲတွေ ဖွင့်နိုင်ဖို့ ၂ နှစ်ကျော် အချိန်ယူပြင်ဆင်နေပါတယ်။ ဒါ့အပြင်အခြားသော နိုင်ငံရေးနဲ့ ဆက်စပ်ပြီး လက်ရှိအခြေအနေနဲ့ ကိုက်ညီမယ့်အတန်းတွေကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ဖို့ အားထုတ်နေပါ တယ်။
ဘယ်သူတွေသင်မှာလဲ
သင်ကြားမယ့် ပါမောက္ခတွေက အစိုးရအုပ်ချုပ်ရေးယန္တရားတွေအကြောင်း ကောင်းစွာနားလည်ပြီး CDM လုပ်ဆောင်ထားတဲ့ သင်ကြားရေးသက်တမ်းအနိမ့်ဆုံး ၁၀ နှစ် ကျော်ရှိတဲ့ ဆရာတွေဦးဆောင် လာမှာဖြစ်ပါတယ်။ မော်ကျူးတခုပါမောက္ခနှစ်ဦးအနည်းဆုံးအပြင် Standby Teaching assistance တွေ ရှိနေမှာဖြစ်ပါတယ်။ မော်ကျူး (၈) ခုစာအတွက် ပါမောက္ခ ၁၀ ဦး ( ဆရာများ အားသည့်အချိန်ပေါ် မူတည်၍) ရှိနေမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာက အုပ်ချုပ်ရေးပညာပြီးမြောက်ထားတဲ့ ဆရာ၊ဆရာမတွေ၊ ဖက်ဒရယ်ယူနစ်အစိုးရတွေ၊ ဝန်ကြီးဌာနတွေ၊ တိုင်းရင်းသားအုပ်ချုပ်ရေးယန္တရား အတွင်းက တာဝန်ရှိသူတွေကိုလည်း လက်တွေ့အခြေအနေနဲ့ ကိုက်ညီအောင် ဖိတ်ခေါ်သင်ကြား စေမဲ့ အတန်းဖြစ်ပါတယ်။
Scholarship
ဝင်ခွင့်ရတဲ့ ကျောင်းသား/သူတိုင်းဟာ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနက ပေးတဲ့ စကောလားရှစ်ကို အပြည့်အဝခံစားရရှိမှာဖြစ်ပါတယ်။
Diploma Course/ Precourse
ကျောင်းသူ/သားတွေဟာ Diploma တန်းတက်ရောက်ခွင့်ရဖို့ဆိုရင် Foundation course ကို တက်ရောက်ရမှာဖြစ်ပါတယ်။ ဒီအတန်းပြီးမြောက်ရင် certificates ရရှိမှာဖြစ်ပါတယ်။ အသေးစိတ်ကို လမ်းညွှန်စာအုပ်မှာ ဖတ်နိုင်ပါတယ်။
Classroom and platform -
အတန်းများကို Online Platform တွေကနေ သင်ကြားမှာဖြစ်ပါတယ်။ Face to Face သင်တန်း ဖြစ်ပါတယ်။ Camera ဖွင့်ဖို့လိုပါတယ်။ ( ချွင်းချက်တချို့ရှိနိုင်)။
Teaching style
ဆရာမှ အရှေ့က ဦးဆောင်သင်ကြားသည့် Banking Model နှင့် ကျောင်းသားများမှ တက်တက် ကြွကြွ တချိန်လုံးဆွေးနွေးရသည့် Problem-Posing Model ကို သုံးထားသည်ဖြစ်၍ ဆွေးနွေးမှု အားနှင့် စာဖတ်အားကောင်းရန် လိုအပ်သည်။
Timetable-
အတန်းများကို 23.3.2026 ရက်နေ့ နောက်ပိုင်းမှာ စတင်တက်ရောက်ရမှာဖြစ်ပြီး သင်တန်းကာလ ၇ လ နဲ့ သုတေသန ၂လ ပေါင်း ၉ လ ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းလျောက်ထားရမယ့် timeline ကို အောက်ကလင့်မှာ ကြည့်နိုင်ပါတယ်။
သင်တန်းတက်ရောက်ခွင့်လျှောက်ထားပြီး သတ်မှတ်အရည်အချင်း ပြည့်မီသူများကို အင်တာဗျူးဖြေဆိုရန် email ပေးပို့မှာ ဖြစ်ပါတယ်။ အင်တာဗျူးအောင်မြင်သူများသာ တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရရှိသူများကို Email ကနေတစ်ဆင့် ထပ်မံအကြောင်းကြား ပေးသွားမှာပါ။
WOU မှ ဖွင့်လှစ်သော သင်တန်းများသည် တော်လှန်ရေးဘက်တော်သားများ၊ တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ CDM ပြုလုပ်ထားသည့်ကျောင်းသား/သူများ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ အတွက်သာ ရည်ရွယ်ထားတာဖြစ်သည့်အတွက် လျှောက်ထားသူများအနေဖြင့် * တိုင်းရင်းသား အစုအဖွဲ့ (သို့) CDM (သို့) ဒီမိုကရက်တစ်ဘက်တော်သားများဖြစ်ကြောင်း မှန်ကန်ဖို့လိုအပ်ပြီး လိုအပ်သည့် အချက်အလက်များ အားလုံးကိုလည်း မှန်ကန်စွာ ဖြည့်စွက်ပေးဖို့လိုပါတယ်။ အကယ်၍ လိမ်လည်ဖြည့်စွက်ထားသည့်အချက်အလက်များကို တွေ့ရှိရပါက WOU အနေဖြင့် လျှောက်လွှာကို ပယ်ချသွားမှာဖြစ်ပါတယ်။ ရွေးချယ်မှုကို အကြောင်းကြားပြီးမှ အချက်အလက် အမှားများ ဖြည့်သွင်းထားသည်ကို သိရှိရပါက အတန်းတက်ရောက်ခွင့်ကို အချိန်မရွေး ပယ်ဖျက်သွားမှာဖြစ်ပါတယ်။*
ဤ Diploma အတန်းကို တက်ရောက်လိုသူများအနေနှင့် အောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။
Registration form link - https://docs.google.com/.../1FAIpQLScDBKUdzhxpBg.../viewform
Program Timeline link -
https://drive.google.com/.../1lzIf0jnwoW1.../view...
Program Prospectus book လမ်းညွှန်စာအုပ် link - https://drive.google.com/.../1DvqfjCHSnKaT2FuhrvB.../view...
Deadline – 1.3. 2026 at 11:59 PM (day)
ဆက်သွယ်စုံစမ်းရန် တက္ကသိုလ် Pages များ
ဌာန _ https://www.facebook.com/profile.php?id=61586871890330
တက္ကသိုလ် _ https://www.facebook.com/profile.php?id=61566828640664
Telegram
Wunzin Online University Students Info Channel
https://t.me/+BiYlB_aVdQVkMTE1
Enquiry
wou.office_uic@he.moeedu.org
wunzin.ps.bm@gmail.com
"ပညာရေးဖြင့် တို့တော်လှန် နွေဦးရဲ့အသံ"
Department of Political Science
Wunzin Online University _WOU
#မှတ်ချက်_တိုင်းရင်းသားဟုသုံးနှုန်းမှုသည် post content တင်ရာတွင် စာအရ မြင်သာစေရန်သာဖြစ်ပါသည်။
#DiplomainPublicAdministration


