ကရင်နီပညာရေးဒီဂရီကောလိပ်
Mar 05, 2026
- ကရင်နီပညာရေးဒီဂရီကောလိပ် ၂၀၂၆ခုနှစ် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း
-ပညာရေးနယ်ပယ်ကို အနာဂတ်အောင်မြင်မှုနဲ့ ရင်ဆိုင်လိုသူများအတွက်
ကရင်နီပညာရေးဒီဂရီကောလိပ် မှ ၂၀၂၆ခုနှစ်
Batch-3ဝင်ခွင့်လျှောက်လွှာများကို
စတင်ခေါ်ယူလိုက်ပြီဖြစ်ပါသည်။
-ကရင်နီပညာရေးဒီဂရီကောလိပ်တွင် ဆရာအတတ်ပညာ တစ်နှစ်သင်တန်း အမှတ်စဥ်(၃)ကို ၂၀၂၆ခုနှစ် မေလနောက်ဆုံးပတ်တွင်စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
အရည်အသွေးရှိသော ဆရာ၊ဆရာမများ
မွေးထုတ်ထုတ်နိုင်ရန်၊
ဒေသအတွင်း ဆရာလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနိုင်ရန်နှင့် အခြေခံပြီးဆုံးသွားသော ကျောင်းသား
လူငယ်များအတွက် အဆင့်မြင့်ပညာဆက်လက် လေ့လာသင်ယူခွင့်ရရှိရန် ရည်ရွယ်၍ ဖွင့်လှစ်မည့်သင်တန်းဖြစ်ပါသည်။ထို့အတွက် သင်တန်းသား ကျား(၁၀)ဦး၊မ(၃၀)ဦး စုစုပေါင်း ၄၀ဦးကို စီစစ်ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ပါသည်။
ဝင်ခွင့်လျှောက်လွှာပုံစံများနှင့် အသေးစိတ်အချက်အလက်များကို
ကျောင်းpage တွင် လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။
ဖော်ပြပါပုံတွင်လည်း သင်တန်းဝင်ခွင့်လျှောက်လွှာအကြောင်းကို သေချာစွာဖတ်ရှူနိုင်ပါတယ်။
လျှောက်လွှာပိတ်သိမ်းမည့်ရက် - ၁၀.၄.၂၀၂၆ ညနေ(၅)နာရီ
သင်၏ အနာဂတ်ပညာရေးခရီးစဉ်နဲ့ကလေးပညာရေးအတွက် ကရင်နီပညာရေးဒီဂရီကောလိပ်နှင့်အတူ စတင်လိုက်ပါ။

