ESSY အပတ်စဉ် -၅
Oct 06, 2026
2026 ရဲ့ နောက်ဆုံး Batch ဖြစ်တဲ့ ESSY Batch 5
ESSY ကို Batch 1 ကနေ Batch 4 အထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အခုဆိုရင် 2026 ခုနှစ်အတွက် နောက်ဆုံး Batch ဖြစ်တဲ့ ESSY Batch 5 ကို ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။
ဒါဆို ESSY Batch 5 မှာ ဘာတွေကို လေ့လာရမလဲဆိုတော့
.Introduction to Non-Profit Organization
.Exploring Personal Identity & Purpose
.Speak & Connect: The Art of Communication
.The Art of Powerful Public Speaking
.Learn to Grow: Active Learning in Action
.Turning Conflict into Collaboration
.Impactful Presentation Skills
.Community Development Awareness စတာတွေကိုလေ့လာသင်ကြားရမှာပါ။
ဒီ Training ကနေ လူငယ်တွေအတွက် လိုအပ်တဲ့ Communication, Leadership, Teamwork, Problem-Solving နဲ့ Project Management Skills တွေကို လေ့လာပြီး ကိုယ့်ရဲ့ Skills တွေကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်မှာပါ။
ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ မတူညီတဲ့လူတွေနဲ့ ဘယ်လိုပြောဆိုဆက်သွယ်ရမလဲ၊ အဖွဲ့လိုက် ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာတွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ မတူညီတဲ့နေရာဒေသတွေက လူငယ်တွေနဲ့လည်း သိကျွမ်းခွင့်ရပြီး အချင်းချင်းရဲ့ အတွေ့အကြုံတွေနဲ့ အမြင်တွေကို မျှဝေနားထောင်နိုင်မှာပါ။
ဒါကြောင့် ESSY မှာ ပါဝင်ပြီး ကိုယ့်ရဲ့ Skills တွေကို တိုးတက်အောင် လုပ်ချင်တယ်ဆိုရင် အခွင့်အရေးမလွတ်ခင် အမြန်ဆုံး လျှောက်ထားလိုက်တော့နော်။
- သင်တန်းအကြောင်းအရာအသေးစိတ်
သင်တန်းစတင်မည့် ရက် - 24.10.2026
သင်တန်းချိန် - 8:00PM to 9:30PM (Sat and Sun)
သင်တန်းပုံစံ - Zoom (Online)
သင်တန်းနောက်ဆုံးလျှောက်ထားနိုင်မည့်ရက် - 15.10.2026
- ဘယ်လိုလျှောက်ထားရမလဲ?
အောက်မှာဖော်ပြထားတဲ့ Registration Link ထဲကို ဝင်ပြီး လျှောက်ထားနိုင်ပါတယ်။
https://docs.google.com/.../1FAIpQLScrL6M1U2POAn.../viewform
- Registration Fee – 5,000 MMK
ပေးသွင်းထားတဲ့ Registration Fee ကို Training ကာလအတွင်း Zoom Premium အသုံးပြုနိုင်ရန်အတွက် ပြန်လည်အသုံးပြုသွားမှာ ဖြစ်ပါတယ်။
အရင် Batch တွေမှာ လျှောက်ထားသူဦးရေ အများအပြားရှိခဲ့တာကြောင့် Batch 5 ကိုလည်း သင်တန်းသားဦးရေ ကန့်သတ်ပြီး လက်ခံသွားမှာ ဖြစ်ပါတယ်။
Office Phone: 09778936655
Office Mail: showyourkindness.myanmar@gmail.com
Follow us on:
Facebook Page
https://www.facebook.com/showyourkindnessmyanmar/
Telegram Channel
Linkedin Page
https://www.linkedin.com/company/showyourkindness/
#ShowYourKindness #YouthDevelopment #EmpoweringYouth

