ပညာရေးသတင်းများ

ကရင်နီပြည်နယ်နှင့် အနီးနားဒေသများမှ ကျောင်းသား/သူများအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ သင်တန်းများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် ပညာသင်ဆုများအကြောင်း ပါဝင်သည့် ပညာရေးသတင်းများကို ရှာဖွေဖတ်ရှုပါ။

Level Up College - အမှတ်စဥ် (၁၃)

ကောလိပ်

Level Up College - အမှတ်စဥ် (၁၃)

Aug 19, 2026

 Level Up College – Batch (13) ကျောင်းသားသစ်ခေါ်ယူခြင်း 

မိမိအရည်အသွေးကို မြှင့်တင်ပြီး လူမှုပတ်ဝန်းကျင်ကို အကျိုးပြုချင်တဲ့ လူငယ်တွေအတွက် "Associate of Arts in Community Development " အမှတ်စဉ် (၁၃) လျှောက်လွှာများ စတင်လက်ခံနေပါပြီ။ ယခုပရိုဂရမ်သည် Bachelor Degree တက်ရောက်နိုင်ရန် အကောင်းဆုံး လမ်းစတစ်ခု ဖြစ်ပါတယ်။

  •  လျှောက်ထားနိုင်သူများ

• အသက် (၁၈) နှစ် ပြည့်ပြီးသူ။

• တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ (သို့မဟုတ်) ညီမျှသော ပညာအရည်အချင်းရှိသူ (e.g., GED / IGCSE / GCSE)။

• အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာရန် စိတ်အားထက်သန်ပြီး Community Development လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လိုသူ။

  •  အရေးကြီးသည့် ရက်စွဲများ

• လျှောက်ထားနိုင်သည့်ကာလ: 6 July – 20 October 2026

• လျှောက်လွှာပိတ်မည့်ရက်: 20 October 2026

• ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့်ရက်: 2 – 6 November 2026

• လူတွေ့အင်တာဗျူးဖြေဆိုရမည့်ရက်: 16 – 20 November 2026

 ကျောင်းဝင်ခွင့်အတွက် အရေးကြီးပြင်ဆင်ရန်

ယခုနှစ်တွင် ကျောင်းဝင်ခွင့်စာမေးပွဲ (Entrance Exam) စံနှုန်းကို ပိုမိုမြှင့်တင်ထားသဖြင့် အောက်ပါအတိုင်း ကြိုတင်ပြင်ဆင်ထားရန် အထူးလိုအပ်ပါသည်။

• Entrance စာမေးပွဲအတွက် ပြင်ဆင်ရန်: English Skill, Critical Thinking skills, General Knowledge

• အင်္ဂလိပ်စာ အကြံပြုချက်: British Council Mock Test (Link - https://englishonline.britishcouncil.org/free-english.../ ) တွင် English Level စစ်ဆေးနိုင်ပါတယ်။ ရလဒ် A1 သို့မဟုတ် A2 သာထွက်ရှိပါက ဝင်ခွင့်စာမေးပွဲမတိုင်မီ English Preparation Course တက်ရောက်ရန် သို့မဟုတ် Self-Study ပြုလုပ်ရန် တိုက်တွန်းပါတယ်။ အင်္ဂလိပ်စာမြှင့်တင်ရန် ကျောင်းမှ စီစဉ်ထားသည့် Online Bridging Program လဲရှိပါတယ်။ Online Bridging Program အကြောင်းအသေးစိတ်ကိုတော့ အောက်ပါ (Link : https://www.facebook.com/share/p/1XH9yJrAzq/ ) တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။

• ထောက်ခံစာ (Recommendation Letter): ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရပါက ထောက်ခံစာတစ်ပါတည်း ယူဆောင်လာရပါမည်။ (ထောက်ခံစာပုံစံဒေါင်းလုဒ်ရန် (Drive Link : https://drive.google.com/.../17EJ4GO5u8ApxhjsDubf.../view... )

  • Associate of Arts in Community Development  | Batch (13) ကိုအောက်ပါ (link: https://forms.gle/HB9XHUpphGEf6nf57 ) တွင် ဝင်ရောက် လျှောက်ထားနိုင်ပါတယ်။ 
  • မှတ်ချက်:

• လျှောက်ထားသူများသည် ကိုယ်ပိုင် Gmail အကောင့်တစ်ခု မဖြစ်မနေရှိရမည်ဖြစ်ပြီး အထက်ပါ အရေးကြီးရက်များတွင် Email ကို ပုံမှန်စစ်ဆေးပေးရပါမည်။

• အချက်အလက် မပြည့်စုံသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ဝင်ခွင့်စာမေးပွဲအောင်မြင်သူများကိုသာ Interview အတွက် ပြန်လည်ဆက်သွယ်ပါမည်။

 "အခွင့်အလမ်းဆိုတာ ကြိုတင်ပြင်ဆင်ထားသူတွေအတွက်ပဲမို့... အခုပဲ အမိအရ ဖမ်းဆုပ်ပြီး သင့်ရဲ့ အနာဂတ်ကို Level Up လိုက်ပါ။"

#LevelUpCollege #Batch13 #CommunityDevelopment #AssociateDegree #FutureLeaders

ပို၍ ဖတ်ရှုရန်
ကရင်နီဥပဒေ ကောလိပ်

ကောလိပ်

ကရင်နီဥပဒေ ကောလိပ်

Jun 24, 2026

သင့်ရဲ့ ဥပဒေပညာရေးလမ်းခရီးစတင်နိုင်ဖို့ရန်အတွက် ကရင်နီဥပဒေကောလိပ်၏ ဒုတိယအကြိမ် ဥပဒေပထမနှစ်ကျောင်းသူ/သားများအား ယနေ့မှစတင်၍ လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ပါတယ်။ 

  •  အသက် (၁၈) နှစ်ပြည့်ပြီးသူများ၊ အခြေခံပညာအောင်မြင်သူများ (သို့မဟုတ်) အခြေခံပညာအောင်မြင်သည့်အရည်အချင်းနှင့် ကိုက်ညီသူများ ဥပဒေပညာကို လေ့လာသင်ယူရန် စိတ်ဝင်စားပါက လျှောက်ထားနိုင်ပါတယ်။
  • လျှောက်လွှာခေါ်ယူချိန် - ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့မှ ဇူလိုင်က (၂၂) ရက်နေ့အထိ 
  • ရွေးချယ်ခြင်းလုပ်ငန်းစဉ် - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့မှ ဩဂုတ်လ (၂၃) ရက်နေ့အထိ

ဝင်ခွင့်ရ ကျောင်းသူ/သားများအား ဩဂုတ်လ (၂၄) ရက်နေ့မှာ (၃၁) ရက်နေ့အတွင်း အကြောင်းကြားပေးသွားမှာပဲဖြစ်ပါတယ်။ 

  •  လျှောက်ထားသူများအားလုံး ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမှာဖြစ်ပြီး အောင်မြင်သည့်သူများသာလျှင် လူတွေ့မေးမြန်းခြင်းအစီအစဉ်တွင် ပါဝင်နိုင်မည် ဖြစ်ပါတယ်။

အောက်ပါလင့်ခ်မှတဆင့် ကရင်နီဥပဒေကောလိပ်၏ ဝင်ခွင့်လျှောက်လွှာကို အချက်အလက်များပြည့်စုံစွာ ဖြည့်စွက်၍ လျှောက်ထားနိုင်ပါပြီ။

လျှောက်လွှာလင့်ခ် - https://docs.google.com/.../1FAIpQLSfhQdeqSVM.../viewform... 

  •  အသေးစိတ်အချက်အလက်များသိရှိလိုပါက Karenni Law College ၏ ဖေ့ဘုတ်စ်မက်ဆင်ဂျာတွေ လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။ 

#karennilawcollege

#secondbatchcalling 

ပို၍ ဖတ်ရှုရန်
ကရင်နီဆေးကောလိပ်

ကောလိပ်

ကရင်နီဆေးကောလိပ်

May 12, 2026

တတိယအသုတ် ဝင်ခွင့်လျှောက်လွှာ ကြေညာချက်

    ကရင်နီဆေးကောလိပ်၊ အပတ်စဉ်(၃)၊ တတိယအသုတ် ဝင်ခွင့်လျှောက်လွှာများကို ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှစ၍ အွန်လိုင်းဖောင်စနစ်ဖြင့် စတင်လက်ခံသွားမည် ဖြစ်ပါသည်။ ဝင်ခွင့်လျှောက်လွှာများကို အွန်လိုင်းစနစ် တစ်ခုတည်းဖြင့်သာ လျှောက်ထားရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ဝင်ခွင့်ဖောင် ပိတ်သိမ်းမည်ဖြစ်ပါသည်။ ဝင်ခွင့်လျှောက်လွှာများကို 

https://docs.google.com/.../1FAIpQLSden0ulK5E.../viewform... တွင် ဝင်ရောက်လျှောက်ထားရမည်ဖြစ်ပြီး အချက်အလက်မပြည့်စုံသော ဝင်ခွင့်လျှောက်လွှာများနှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်၊ ည (၁၁:၅၉)နာရီထက် ကျော်လွန်နောက်ကျသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါကြောင်း ကြေညာအပ်ပါသည်။ 

ပို၍ ဖတ်ရှုရန်
ကရင်နီပညာရေးဒီဂရီကောလိပ်

ကောလိပ်

ကရင်နီပညာရေးဒီဂရီကောလိပ်

Mar 05, 2026

  •  ကရင်နီပညာရေးဒီဂရီကောလိပ် ၂၀၂၆ခုနှစ် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

-ပညာရေးနယ်ပယ်ကို အနာဂတ်အောင်မြင်မှုနဲ့ ရင်ဆိုင်လိုသူများအတွက်

ကရင်နီပညာရေးဒီဂရီကောလိပ် မှ ၂၀၂၆ခုနှစ်

Batch-3ဝင်ခွင့်လျှောက်လွှာများကို 

စတင်ခေါ်ယူလိုက်ပြီဖြစ်ပါသည်။

-ကရင်နီပညာရေးဒီဂရီကောလိပ်တွင် ဆရာအတတ်ပညာ တစ်နှစ်သင်တန်း အမှတ်စဥ်(၃)ကို ၂၀၂၆ခုနှစ် မေလနောက်ဆုံးပတ်တွင်စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

အရည်အသွေးရှိသော ဆရာ၊ဆရာမများ

မွေးထုတ်ထုတ်နိုင်ရန်၊

ဒေသအတွင်း ဆရာလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနိုင်ရန်နှင့် အခြေခံပြီးဆုံးသွားသော ကျောင်းသား

လူငယ်များအတွက် အဆင့်မြင့်ပညာဆက်လက် လေ့လာသင်ယူခွင့်ရရှိရန် ရည်ရွယ်၍ ဖွင့်လှစ်မည့်သင်တန်းဖြစ်ပါသည်။ထို့အတွက် သင်တန်းသား ကျား(၁၀)ဦး၊မ(၃၀)ဦး စုစုပေါင်း ၄၀ဦးကို စီစစ်ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ပါသည်။

#မှတ်ချက်

ဝင်ခွင့်လျှောက်လွှာပုံစံများနှင့် အသေးစိတ်အချက်အလက်များကို

ကျောင်းpage တွင် လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။

ဖော်ပြပါပုံတွင်လည်း သင်တန်းဝင်ခွင့်လျှောက်လွှာအကြောင်းကို သေချာစွာဖတ်ရှူနိုင်ပါတယ်။

လျှောက်လွှာပိတ်သိမ်းမည့်ရက် - ၁၀.၄.၂၀၂၆ ညနေ(၅)နာရီ

  •  သင်၏ အနာဂတ်ပညာရေးခရီးစဉ်နဲ့ကလေးပညာရေးအတွက် ကရင်နီပညာရေးဒီဂရီကောလိပ်နှင့်အတူ စတင်လိုက်ပါ။

ပို၍ ဖတ်ရှုရန်
Integrated Diploma in Education Program (၃ နှစ်သင်တန်း)

ကောလိပ်

Integrated Diploma in Education Program (၃ နှစ်သင်တန်း)

Mar 04, 2026

Integrated Diploma in Education Program (3 Year Program)

  • Ready for College?
  • Ready to be an Educator?

Applications are now open for the Academic Year 2026-2027 from March 3 to March 21! 

SAG Integrated Diploma in Education Program (သုံးနှစ်သင်တန်း) 

2026-2027 စာသင်နှစ်အတွက် ကျောင်းသားသစ် လျှောက်လွှာလက်ခံနေပါပြီ။ လျှောက်ထားလိုသူများသည်အောက်ပါစာရွက်စာတမ်းများ နှင့်အတူ SAG ရုံးသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

 ဝင်ခွင့်လျှောက်ရန်လိုအပ်သောစာရွက်စာတမ်းများ

  • ကျောင်းဝင်ခွင့်လျှောက်လွှာ
  • အထက်တန်း အောင်လက်မှတ် နှင့် အမှတ်စာရင်း
  • ၆ လအတွင်း ရိုက်ကူးထားသော 2x2 ဓာတ်ပုံ
  • October တစ်လလုံးကျောင်းပိတ်သည့်အပြင် အဝေးသင်စာမေးပွဲဖြေဆိုချိန် ခွင့်ရက် ပေးသည့်အတွက် အဝေးသင်တက်ရောက်နေသော ကျောင်းသူ/သားများ လည်းလျှောက်ထားနိုင်ပါသည်။
  • အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးဖွင့်ရက် နှင့် ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
  • 09884808200
  • 09428334259

Office Hours : 8:00AM-12:30PM, 2:00PM – 4:00PM (Mon – Fri)

Link to IP and GEL Application

https://drive.google.com/.../1cJmKVjcSTdj7cJlTEk0.../view...

ပို၍ ဖတ်ရှုရန်
လူငယ့် အကယ်ဒမီ ကောလိပ် - ကရင်နီ

ကောလိပ်

လူငယ့် အကယ်ဒမီ ကောလိပ် - ကရင်နီ

Mar 02, 2026

YAC ရဲ့ ၂ နှစ်တာ Diploma Program အတွက် ကျောင်းသား​ကျောင်းသူသစ် စတင်ခေါ်ယူခြင်း - လူငယ်များအားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်! 

​အနာဂတ်ကို ကိုယ်တိုင်ပုံဖော်ချင်တဲ့ လူငယ်တွေအတွက် Youth Academy College (YAC) - Karenni ကနေ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ၂ နှစ်တာ "Diploma in Social Science & Sustainable Development" သင်တန်းသားသစ်တွေကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။

  • ​ ဘယ်သူတွေ လျှောက်ထားနိုင်သလဲ?

• ​အခြေခံပညာ အထက်တန်း (သို့မဟုတ်) G-12 အောင်မြင်ပြီးသူများ။ GED အတန်း ပြီး​မြောက်​အောင်မြင်ထားသူများ။

• ​လူမှုသိပ္ပံပညာ (Social Science) နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘာသာရပ်များကို စိတ်ပါဝင်စားသူများ။

• အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ (အသက် ၂၅ နှစ်ထက် မ​ကျော်လွန်​စေရ။)

• ၂ နှစ်တာ သင်ကြား​ရေးကာလကို အပြီးတက်​ရောက်နိုင်သူ ဖြစ်ရပါမည်။ 

• အကျင့်စာရိတ္တ​ကောင်းမွန်ပြီး၊ ကျန်းမာ​ရေး​ကောင်းမွန်သူ ဖြစ်ရပါမည်။

• မတူညီကွဲပြားမှုများကို လက်ခံနိုင်ပြီး အများနှင့် လိုက်​လျောညီ​​ထွေမှုရှိစွာ ​နေထိုင်တတ်သူဖြစ်ရပါမည်။

• ​မိမိတို့ရဲ့ အရည်အချင်းတွေကို မြှင့်တင်ပြီး လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုလိုသူ လူငယ်များအားလုံး လျှောက်ထားနိုင်ပါတယ်။

  • ​ လျှောက်လွှာ ရယူရန်နှင့် တင်သွင်းရန်:

လျှောက်လွှာပုံစံများကို ကျွန်တော်တို့ရဲ့ YAC Facebook Page Messenger မှာ တိုက်ရိုက်လာရောက်တောင်းယူနိုင်သလို၊ သိလိုသမျှကိုလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

📅 အရေးကြီးရက်စွဲများ (Batch - 3):

• ​လျှောက်လွှာပိတ်မည့်ရက်: 

ယခုမှစတင်၍ မတ်လ ၂၉ ရက်၊ ၂၀၂၆ အထိ။

• ​ဝင်ခွင့်စာမေးပွဲဖြေဆိုခြင်း: 

ဧပြီလ ၁ ရက်မှ ၇ ရက်အထိ (On-ground နှင့် Online Google Form နှစ်မျိုးလုံးဖြင့် ဖြေဆိုနိုင်သည်)။

• ​လူတွေ့စစ်ဆေးခြင်း (Interview): 

ဧပြီလ ၂၀ ရက်မှ ၂၄ ရက်အထိ (On-ground နှင့် Zoom မှတစ်ဆင့်)။

• ​နောက်ဆုံးရလဒ် ကြေညာခြင်း: 

ဧပြီလ ၂၅ ရက်၊ ၂၀၂၆။

​ဒီ Program ဟာ လူငယ်တွေအတွက် အတွေ့အကြုံသစ်တွေနဲ့ ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဖော်ဆောင်ပေးမှာဖြစ်လို့ Youth Academy College (YAC) ကနေ လူငယ်ထုကြီးတစ်ရပ်လုံးကို လှိုက်လှဲစွာ ကြိုဆိုနေပါတယ်။ 

📞 ဆက်သွယ်ရန်:

• ​Signal: +66 99 139 9550

• ​Facebook Page: Youth Academy College - Karenni - YAC

#YAC #YouthAcademyCollege #Karenni #DiplomaProgram #SocialScience #SustainableDevelopment #Admission2026 #JoinUs

ပို၍ ဖတ်ရှုရန်
Associate Degree in Community Development နှင့် Associate Degree in Education

ကောလိပ်

Associate Degree in Community Development နှင့် Associate Degree in Education

Feb 10, 2026

HELLO!

အဆင့်မြင့်ပညာရပ်ကို ဆက်လက် သင်ယူလိုသော လူငယ်များအတွက် အခွင့်အရေးကောင်းလေးတစ်ခု လာပါပြီနော.. 

၂၀၂၆ ပညာသင်နှစ်အတွက် Associate Degree in Community Development နှင့် Associate Degree in Education အတွက် ဆယ်သဲကောလိပ်မှ ကျောင်းသူ/ကျောင်းသား အသစ်များကို ထပ်မံခေါ်ယူနေပါပြီ

လျှောက်ထားနိုင်ရန်အတွက် လိုအပ်သော သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်။
  • (၁၀) တန်းစနစ်ဟောင်းအောင်မြင်ပြီးသူဖြစ်ရမည်။
  • သို့မဟုတ် (၁၂)တန်း ပြီးမြောက်သူ ဖြစ်ရမည်။
  • အဆင့်မြင့် ပညာရပ်ကို လိုလားစွာ လေ့လာသင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။

စိတ်ဝင်စားပါက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ၂၀၂၆ ခုနှစ်(သောကြာနေ့) တွင် ကျောင်းနှင့်သက်ဆိုင်သော အချက်အလက်များနှင့် ဝင်ခွင့်ဖောင် ဘယ်လိုဖြည့်ရမလဲစသော အကြောင်းအရာများကို မျှဝေပေးမည့် Orientation session တွင် ပါဝင်နိုင်ပါကြောင်း တစ်ပါးတည်း ကြေညာလိုပါတယ်။

အသေးစိတ်သိရှိလိုပါက အောက်ပါ ဆက်သွယ်ရန်လိပ်စာမှတစ်ဆင့် မေးမြန်းနိုင်ပါသည်။

 Facebook : Seh Theh COLLEGE - New Page

Email :admission@stcollege.org

ဖောင်လင့်

https://docs.google.com/.../1FAIpQLSet2Ym5.../viewform...

အောက်ပါ website link တွင်လည်း လျှောက်ထားနိုင်သည် 

https://stcollege.org/what-we-do/admission/

ဖောင်ပိတ်ရက်

ဧပြီလ ၃ ရက်၊ ၂၀၂၆ ခုနှစ်

မှတ်ချက်

  • Round (1) တွင် လျှောက်ထားမည့် သူများကို ပို၍ ဦးစားပေးခေါ်ယူသွားမည် ဖြစ်ပါသည်။
  • ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းမရှိသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
ပို၍ ဖတ်ရှုရန်
ကရင်နီလူမှုသိပ္ပံကောလိပ်

ကောလိပ်

ကရင်နီလူမှုသိပ္ပံကောလိပ်

Jan 07, 2026

ကျောင်းဝင်ခွင့်လျှောက်လွှာ ခေါ်ယူခြင်း 

ကရင်နီလူမှုသိပ္ပံကောလိပ် ၏ Associate Degree in Social Science (၂၀၂၆-၂၀၂၇ ပညာသင်နှစ်) ဝင်ခွင်လျှောက်လွှာများကို စတင်ခေါ်ယူပါပြီ။ လျှောက်လွှာဖောင်ကို ပြည့်စုံစွာဖြည့်ရန် လွန်စွာအရေးကြီးပါသည်။ ကျောင်းလခပေးဆောင်ရန်မလိုသော သင်ကြားရေးအစီအစဉ် ဖြစ်ပါသည်။ 

လျှောက်လွှာများကို အွန်လိုင်းလင့်တွင် လျှောက်ထားနိုင်သကဲ့သို့၊ လျှောက်လွှာဖောင်များကို အောက်ပါ အဖွဲ့အစည်းများသို့လည်း ဆက်သွယ် တောင်းယူနိုင်ပါသည်။ 

ပညာရေးဌာန- ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

မြို့နယ်ပညာရေးမှူးရုံးများ 

လူငယ်ရေးရာဌာန- ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ

ကယောစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ရုံး

 ကယောလူငယ်အစည်းအရုံး (KwYO)

Karenni State Students’ Union (KSSU)

Kayan New Generation Youth (KNGY)

နွေဦးဂုရုလေးများ 

လျှောက်ထားမှုအတွက် အချက်အလက်များကို အောက်ပါအတိုင်း အသိပေးအပ်ပါသည်။ 

မည်သူတွေလျှောက်လို့ရသလဲ

 ပညာအရည်အချင်း - အထက်တန်း (စနစ်ဟောင်း (၁၀) တန်း၊ စနစ်သစ် (၁၂) တန်း) ဖြေဆိုပြီးမြောက်ထားသူ၊ တက္ကသိုလ် တက်ရောက်မည့်သူ (သို့) တက္ကသိုလ် CDM ကျောင်းသား/ သူများ

အသက် ၁၈ နှစ် မှ ၂၅ နှစ်အတွင်း

ကရင်နီပြည်တွင် မွေးဖွားကြီးပြင်းလာသည့်သူ၊ တော်လှန်ရေးကာလအတွင်း ကရင်နီပြည်တွင် အနည်းဆုံး (၃) နှစ် ရွေ့ပြောင်းနေထိုင်နေသူ၊ ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းများနှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်သူ

 သင်ကြားရေးကာလ ၁၈ လတာ အချိန်ပေးနိုင်သူ

 ကျောင်းပြီးသည့်အခါ ကရင်နီဒေသအတွက် အနည်းဆုံး ၁နှစ် ပြန်လည်အကျိုးပြုနိုင်သူ

 အင်္ဂလိပ်စာ အခြေခံရသူ (pre-intermediate အဆင့်ရှိပါက ပိုကောင်းပါသည်)

 တော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသည့် တော်လှန်ရေးရဲဘော်များ၊ အမျိုးသမီးများ၊ လူငယ်များ လျှောက်ထားကြရန် တိုက်တွန်းပါသည်။ 

လျှောက်ထားရာတွင် လိုအပ်သောအရာများ (Requirements for application)

 ဖြည့်စွက်ထားသော လျှောက်လွှာဖောင်

 မိဘ(သို့) အုပ်ထိန်းသူတစ်ဦးဦး (သို့) အဖွဲ့အစည်းဝင်ဖြစ်ပါက အဖွဲ့အစည်းထံမှ ကျောင်းလျှောက်ထားမှုအား ခွင့်ပြုကြောင်း ထောက်ခံစာ

 အထက်တန်းပြီးမြောက်ကြောင်း လက်မှတ် (သို့) အထက်တန်းပြီးမြောက်ကြောင်း ထောက်ခံစာ

သင်ကြားရေးကာလ

 မတ်လ ၂၀၂၆ ခုနှစ် မှ ဩဂုတ်လ ၂၀၂၇ ခုနှစ် အထိ 

အခြေခံ သင်ကြားရေးကာလ(Foundation Course) ၆ လ နှင့် ပုံမှန်သင်ကြားရေးကာလ (Regular Course) ၁၂ လ

(မှတ်ချက် ။  ။ ၁၈ လတာအတွက် ပညာသင်စရိတ်နှင့်နေထိုင်စားသောက်စရိတ် အခမဲ့ဖြစ်သော်လည်း၊ ပြီးမြောက်အောင် မတက်ရောက်နိုင်ပါက ပညာသင်ကြားရေးစရိတ်နှင့် စားစရိတ်များကို ကျောင်း၏ သတ်မှတ်နှုန်းထားအတိုင်းရက်အလိုက် တွက်ချက်ပြီး ပြန်လည်ပေးလျော်ရမည်ဖြစ်ပါသည်။) 

ဝင်ခွင့်စိစစ်မှု အဆင့်ဆင့် 

အဆင့် ၁ - လျှောက်လွှာဖောင်များကို စိစစ်ခြင်း 

အဆင့် ၂ - ဝင်ခွင့်ရေးဖြေ ( အဂ်လိပ်စာ၊ အထွေထွေဗဟုသုတ နှင့်စဉ်းစားဆင်ခြင်မှု ( critical and analytical thinking) ကိုစစ်မေးခြင်း)

အဆင့် ၃ - လူတွေ့အင်တာဗျူးဖြေဆိုခြင်း

အဆင့် ၄ - ဝင်ခွင့်ရရှိခြင်း 

အရေးကြီးသည့် ရက်စွဲများ

သင်တန်းလျှောက်လွှာပိတ်မည့်ရက်                            

ဇန်နဝါရီလ ၃၁ ရက်

ရေးဖြေဝင်ခွင့်ရသူစာရင်း ကြေညာမည့်ရက်                   ဖေဖော်ဝါရီလ ၇ ရက်

ရေးဖြေစာမေးပွဲ ဖြေဆိုမည့်ရက်                                    ဖေဖော်ဝါရီလ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်

အင်တာဗျူးဖြေဆိုခွင့်ရသူစာရင်း ကြေညာမည့်ရက်       ဖေဖော်ဝါရီလ ၁၅ ရက်

အင်တာဗျူးဖြေဆိုရမည့်ရက်                                         ဖေဖော်ဝါရီလ ၁၇၊ ၁၉၊ ၂၁၊ ၂၂ ရက်

ဝင်ခွင့်ရသူစာရင်း ကြေညာမည့်ရက်                              ဖေဖော်ဝါရီလ ၂၅ ရက်

ကောလိပ်သို့လာရမည့်ရက်                                           မတ်လ ၂ ရက် 

ဆက်သွယ်ရန် 

ကရင်နီလူမှုသိပ္ပံကောလိပ်၏ ကျောင်း Facebook Page Messenger ဖြစ်သော Karenni College of Social Sciences and Humanities နှင့် 

Signal Username – Juethit.25 

သို့ဆက်သွယ်နိုင်ပါသည်။ 

အွန်လိုင်း လျှောက်လွှာဖောင် လင့်ကို QR code တွင် scan ဖတ်ပါ။ 

‼️ပြည့်စုံစွာဖြည့်စွက်မထားသော လျှောက်လွှာဖောင်များကို ထည့်သွင်းစဉ်းစားသွားမှာမဟုတ်တဲ့အတွက် သေချာ ပြည့်စုံစွာ ဖြည့်ကြရန် တိုက်တွန်းပါသည်။  

#karennicollegeofsocialsciencesandhumanities

ပို၍ ဖတ်ရှုရန်