ပညာရေးသတင်းများ

ကရင်နီပြည်နယ်နှင့် အနီးနားဒေသများမှ ကျောင်းသား/သူများအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ သင်တန်းများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် ပညာသင်ဆုများအကြောင်း ပါဝင်သည့် ပညာရေးသတင်းများကို ရှာဖွေဖတ်ရှုပါ။

နိုင်ငံတကာရေးရာလေ့လာမှုပညာဘာသာရပ် ဒိပလိုမာ

သင်တန်း

နိုင်ငံတကာရေးရာလေ့လာမှုပညာဘာသာရပ် ဒိပလိုမာ

Jan 26, 2026

“Diploma in International Studies”သင်တန်းဖွင့်လှစ်ကြောင်းကြေညာခြင်း

မြန်မာ့နွေဦးတက္ကသိုလ်၊ နိုင်ငံရေးလေ့လာမှုပညာ မဟာဌာနလက်အောက်ရှိ နိုင်ငံရေးတကာဆက်ဆံရေးပညာ ဌာနမှ ပြည်ပရောက် ဆရာကြီး ဆရာမကြီးများ ဦးစီး၍ နိုင်ငံရေးဆိုင်ရာအသိပညာများ ဆည်းပူးလိုသူ ပြည်သူ့ ဘက်တော်သားအပေါင်းအတွက် ကြားကာလအတွင်း စဉ်ဆက်မပြတ် ပညာသင်ယူနိုင်စေရန် ရည်ရွယ်ကာ နိုင်ငံ တကာရေးရာ လေ့လာမှုပညာဘာသာရပ် ဒီပလိုမာသင်တန်းအား ဖွင့်လှစ်လိုက်ပါပြီ။

လေ့လာသင်ယူခွင့်ရရှိမည့် ဘာသာရပ်များ

Semester I

 DISMNOU 1001 - Introduction to International Relations 

နိုင်ငံတကာဆက်ဆံရေးပညာနိဒါန်း

 DISMNOU 1002 - Theories of International Relations  

နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ သီအိုရီများ

 DISMNOU 1003 - Governments and Politics of Myanmar‘s Neighboring Countries 

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အုပ်ချုပ်ရေး နှင့် နိုင်ငံရေးလေ့လာသုံးသပ်မှုပညာရပ်

• DISMNOU 1004 –Foreign Policy and Diplomacy

နိုင်ငံခြားရေး မူဝါဒနှင့် သံတမန်ရေးရာ 

Semester II 

• DISMNOU 1005 Current Issues in IR

နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှ မျက်မှောက်ရေးရာ စိန်ခေါ်မှုများ

• DISMNOU 1006 – International Political Economy 

အပြည်ပြည်ဆိုင်ရာနိုင်ငံရေး ဘောဂဗေဒပညာရပ်

• DISMNOU 1007 – Geopolitics

ပထဝီ၀င်နိုင်ငံရေး  

• DISMNOU 1008 - Global Governance

ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပညာရပ်

သင်တန်းကာလ

❖ ပထမပညာသင်ကာလ----  7th February- 7th June( 4 months) 

❖ ဒုတိယပညာသင်ကာလ--- 11st July- 31st October 

❖ ဘွဲ့ယူစာတမ်းတင်သွင်းခြင်း ကာလ..

❖ အောင်စာရင်း ထုတ်ပြန်ခြင်း----  December (tentative)

သင်တန်းအချိန်နှင့် သင်တန်းရက်

• ည ၇:၀၀- ၉:၀၀ 

• စနေ၊ တနင်္ဂနွေ

သင်ကြားပို့ချမှုပုံစံ

❖ Zoom Application အသုံးပြု၍ သင်ကြားပေးခြင်း

❖ Google Classroom တွင် ကိုးကားစာအုပ်စာတမ်းများ၊ သင်ခန်းစာဗွီဒီယိုဖိုင်များ၊ သင်ခန်းစာဆိုင်ရာ အချက်အလက်များ၊ အကဲဖြတ်မှုဆ်ိုင်ရာ မေးခွန်းများ တို့ကို အချိန်နှင့်တပြေးညီ တင်ထားပေးခြင်း

❖ Guest Speakers များဖိတ်ကြား ၍ Special Talks အစီအစဥ်များ ထည့်သွင်းပေးထားခြင်း

သင်တန်း၏ အကဲဖြတ်မှုပုံစံ

❖ သင်ကြားပြသပေးသော ဆရာ/ဆရာမပေါ်မူတည်၍ အတန်းတက်ရောက်မှု၊ အတန်းတွင်းပါဝင်ဆွေးနွေး နိုင်မှု၊ စာတမ်းရေးသားခြင်း၊ Group/ Individual Presentation ပြုလုပ်ခြင်း အစရှိသော အကဲဖြတ်မှု ပုံစံအမျိူးမျိူးဖြင့် သုံးသပ်စစ်ဆေးမည်ဖြစ်ပါသည်။

တက်ရောက်ခွင့် ရရှိနိုင်သူများ

➢ CDMပြုလုပ်ထားသောအခြေခံပညာအထက်တန်းအောင်မြင်သူများ၊တက္ကသိုလ်ဝင်တန်း နှင့် BECA အောင်မြင်သူများ၊ တက္ကသိုလ်ဝင်တန်းအောင်နှင့်ညီမျှသော GED/IGCSE အတန်းအောင်မြင်သူများ

➢ CDM ပြုလုပ်ထားသော တက္ကသိုလ်တက်ဆဲ/ တက်ပြီးသောသူများ

➢ CDM ဆရာ/ဆရာမများနှင့် ဝန်ထမ်းများနှင့်စိတ်ပါဝင်စားသူများ

➢ ပထမဦးဆုံးအသုတ်ဖြစ်သည့်အတွက် သင်တန်းသား (၁၀၀) ဦးကိုသာ လက်ခံမည်ဖြစ်ပါသည်။

သင်တန်း တက်ရောက်ခြင်းမှ ရရှိလာနိုင်သော အကျိူး ရလဒ်များ

• နိုင်ငံတကာဆက်ဆံရေး၏ အဓိကသဘောတရားများ၊ မူဘောင်များနှင့် အခြေခံသီအိုရီများကို ကျွမ်းကျင် စွာ နားလည်ပြီး ခွဲခြားစိတ်ဖြာနိုင်ခြင်း၊

• နိုင်ငံတကာစီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများနှင့် အခန်းကဏ္ဍ များ ကို အကဲဖြတ်နိုင်ခြင်း၊

• မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာ စိန်ခေါ်မှုများကိုပိုင်းခြားစိတ်ဖြာပြီး ၎င်းတို့၏ ပထဝီ၀င်နိုင်ငံရေးနှင့် ဘောဂဗေဒဆိုင်ရာ အကျိုးဆက်များကို ဆန်းစစ်နိုင်ခြင်း၊

• မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ အစိုးရဖွဲ့စည်းပုံ၊ နိုင်ငံရေးဖြစ်စဉ်များ နှင့် နိုင်ငံခြားရေး မူဝါဒရွေးချယ်မှုများကို နှိုင်းယှဉ်သုံးသပ်နိုင်ခြင်း၊

• နိုင်ငံတကာရေးရာလေ့လာမှုပညာသဘောတရားများကိုအသုံးပြု၍ မျက်မှောက်ခေတ် ကမ္ဘာ့အရေးကိစ္စ များကို ဝေဖန်ပိုင်းခြားနိုင်သော တွေးခေါ်မှုဖြင့် ကျိုးကြောင်းဆီလျော်စွာ ဆွေးနွေးတင်ပြနိုင်ခြင်း၊

သင်တန်းကြေး

• ကျောင်းသားတစ်ဦးလျှင် ၁၂၀,၀၀၀ကျပ် (ပထမပညာသင်ကာလနှင့်ဒုတိယပညာသင်ကာလနှစ်ခုပေါင်း) ပေ:သွင်းရမည်ဖြစ်ပါသည်။

သင်တန်းကို မှတ်ပုံတင်စာရင်းသွင်းခြင်း

✓ ဤ ဒီပလိုမာသင်တန်းသို့ တက်ရောက်ရန် စိတ်ပါဝင်စားသူများသည် အောက်တွင် ဖော်ပြထားသော Google Form https://edu.nugmyanmar.org/DISregisterform

ကို 03-02-2026 (အင်္ဂါနေ့) နောက်ဆုံးထား၍ ဖြည့်ပေးရမည်ဖြစ်ပါသည်။

✓ တက်ရောက်ခွင့်ရရှိသူများကို Google Formတွင် ဖြည့်သွင်းထားသော Email မှတဆင့် အကြောင်း ကြားမည် ဖြစ်ပါသည်။

✓ ထောက်ခံစာ တောင်းယူရာတွင်

၁) CDM ကျောင်းသူ၊ ကျောင်းသားဖြစ်ကြောင်း CDM ဆရာ၊ဆရာမ သို့ ဝန်ထမ်း တစ်ဦးဦးထံမှ ရယူနိုင်သည်။

၂) အကြမ်းဖက်စစ်အုပ်စုနှင့် တိုက်ရိုက် ပတ်သက်မှု/ထောက်ပံ့မှုမရှိကြောင်း CDM တစ်ဦးဦးထံမှ ရယူနိုင်သည်။

၃) CDM ဖြစ်ကြောင်း အထောက်အထား (ထုတ်ပယ်စာ၊ အသိအမှတ်ပြုစာ) တင်သွင်းနိုင်သည်။

၄) အမျိုးသားညီညွတ်ရေးအစိုးရ၏ ဌာနတစ်ခုခုတွင် ပါဝင်ကူညီနေသူဖြစ်ပါက သက်ဆိုင်ရာဌာနမှ ထောက်ခံ  

စာ ကို တင်သွင်းနိုင်သည်။

စိတ်ပါဝင်စားသော်လည်း သင်တန်းကြေးအခက်အခဲရှိသူများနှင့် ထူးချွန်သင်တန်းသား ၁၀ ဦး ခန့် ( သင်တန်းသားဦးရေ၏ ၁၀%) ကို သင်တန်းကြေး ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်သည်။ 

လျောက်ထားသူများထဲမှ ကနဦး (၅%) အား သင်တန်းကြေးကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်သည်။ 

(မှတ်ချက် - CDM ဝန်ထမ်းနှင့်ကျောင်းသားများအား ဦးစားပေးစဥ်းစားမည်) 

ကျန် (၅%) အား သင်တန်းပြီးဆုံးသောအခါ အမှတ်အမြင့်ဆုံး ကျောင်းသား များအား စိစစ်၍ သင်တန်းကြေးအား ပြန်လည်ပေးအပ်သွားမည်။

(မှတ်ချက် - မည့်သည့်ကန့်သတ်ချက်မျှမရှိပါ)

*** IR BA MA ဘွဲ့၊ DIR ဘွဲ့ရရှိပြီးသူများ၊ MNOU တွင် IR Undergraduate Degree တန်းတက်ရောက်နေသူများ လျှောက်ထားရန်မလိုပါ။ ***

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲ

စီမံရေးရာဌာန

မြန်မာ့နွေဦးတက္ကသိုလ်

ပို၍ ဖတ်ရှုရန်
ကရင်နီလူမှုသိပ္ပံကောလိပ်

ကောလိပ်

ကရင်နီလူမှုသိပ္ပံကောလိပ်

Jan 07, 2026

ကျောင်းဝင်ခွင့်လျှောက်လွှာ ခေါ်ယူခြင်း 

ကရင်နီလူမှုသိပ္ပံကောလိပ် ၏ Associate Degree in Social Science (၂၀၂၆-၂၀၂၇ ပညာသင်နှစ်) ဝင်ခွင်လျှောက်လွှာများကို စတင်ခေါ်ယူပါပြီ။ လျှောက်လွှာဖောင်ကို ပြည့်စုံစွာဖြည့်ရန် လွန်စွာအရေးကြီးပါသည်။ ကျောင်းလခပေးဆောင်ရန်မလိုသော သင်ကြားရေးအစီအစဉ် ဖြစ်ပါသည်။ 

လျှောက်လွှာများကို အွန်လိုင်းလင့်တွင် လျှောက်ထားနိုင်သကဲ့သို့၊ လျှောက်လွှာဖောင်များကို အောက်ပါ အဖွဲ့အစည်းများသို့လည်း ဆက်သွယ် တောင်းယူနိုင်ပါသည်။ 

ပညာရေးဌာန- ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

မြို့နယ်ပညာရေးမှူးရုံးများ 

လူငယ်ရေးရာဌာန- ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ

ကယောစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ရုံး

 ကယောလူငယ်အစည်းအရုံး (KwYO)

Karenni State Students’ Union (KSSU)

Kayan New Generation Youth (KNGY)

နွေဦးဂုရုလေးများ 

လျှောက်ထားမှုအတွက် အချက်အလက်များကို အောက်ပါအတိုင်း အသိပေးအပ်ပါသည်။ 

မည်သူတွေလျှောက်လို့ရသလဲ

 ပညာအရည်အချင်း - အထက်တန်း (စနစ်ဟောင်း (၁၀) တန်း၊ စနစ်သစ် (၁၂) တန်း) ဖြေဆိုပြီးမြောက်ထားသူ၊ တက္ကသိုလ် တက်ရောက်မည့်သူ (သို့) တက္ကသိုလ် CDM ကျောင်းသား/ သူများ

အသက် ၁၈ နှစ် မှ ၂၅ နှစ်အတွင်း

ကရင်နီပြည်တွင် မွေးဖွားကြီးပြင်းလာသည့်သူ၊ တော်လှန်ရေးကာလအတွင်း ကရင်နီပြည်တွင် အနည်းဆုံး (၃) နှစ် ရွေ့ပြောင်းနေထိုင်နေသူ၊ ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းများနှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်သူ

 သင်ကြားရေးကာလ ၁၈ လတာ အချိန်ပေးနိုင်သူ

 ကျောင်းပြီးသည့်အခါ ကရင်နီဒေသအတွက် အနည်းဆုံး ၁နှစ် ပြန်လည်အကျိုးပြုနိုင်သူ

 အင်္ဂလိပ်စာ အခြေခံရသူ (pre-intermediate အဆင့်ရှိပါက ပိုကောင်းပါသည်)

 တော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသည့် တော်လှန်ရေးရဲဘော်များ၊ အမျိုးသမီးများ၊ လူငယ်များ လျှောက်ထားကြရန် တိုက်တွန်းပါသည်။ 

လျှောက်ထားရာတွင် လိုအပ်သောအရာများ (Requirements for application)

 ဖြည့်စွက်ထားသော လျှောက်လွှာဖောင်

 မိဘ(သို့) အုပ်ထိန်းသူတစ်ဦးဦး (သို့) အဖွဲ့အစည်းဝင်ဖြစ်ပါက အဖွဲ့အစည်းထံမှ ကျောင်းလျှောက်ထားမှုအား ခွင့်ပြုကြောင်း ထောက်ခံစာ

 အထက်တန်းပြီးမြောက်ကြောင်း လက်မှတ် (သို့) အထက်တန်းပြီးမြောက်ကြောင်း ထောက်ခံစာ

သင်ကြားရေးကာလ

 မတ်လ ၂၀၂၆ ခုနှစ် မှ ဩဂုတ်လ ၂၀၂၇ ခုနှစ် အထိ 

အခြေခံ သင်ကြားရေးကာလ(Foundation Course) ၆ လ နှင့် ပုံမှန်သင်ကြားရေးကာလ (Regular Course) ၁၂ လ

(မှတ်ချက် ။  ။ ၁၈ လတာအတွက် ပညာသင်စရိတ်နှင့်နေထိုင်စားသောက်စရိတ် အခမဲ့ဖြစ်သော်လည်း၊ ပြီးမြောက်အောင် မတက်ရောက်နိုင်ပါက ပညာသင်ကြားရေးစရိတ်နှင့် စားစရိတ်များကို ကျောင်း၏ သတ်မှတ်နှုန်းထားအတိုင်းရက်အလိုက် တွက်ချက်ပြီး ပြန်လည်ပေးလျော်ရမည်ဖြစ်ပါသည်။) 

ဝင်ခွင့်စိစစ်မှု အဆင့်ဆင့် 

အဆင့် ၁ - လျှောက်လွှာဖောင်များကို စိစစ်ခြင်း 

အဆင့် ၂ - ဝင်ခွင့်ရေးဖြေ ( အဂ်လိပ်စာ၊ အထွေထွေဗဟုသုတ နှင့်စဉ်းစားဆင်ခြင်မှု ( critical and analytical thinking) ကိုစစ်မေးခြင်း)

အဆင့် ၃ - လူတွေ့အင်တာဗျူးဖြေဆိုခြင်း

အဆင့် ၄ - ဝင်ခွင့်ရရှိခြင်း 

အရေးကြီးသည့် ရက်စွဲများ

သင်တန်းလျှောက်လွှာပိတ်မည့်ရက်                            

ဇန်နဝါရီလ ၃၁ ရက်

ရေးဖြေဝင်ခွင့်ရသူစာရင်း ကြေညာမည့်ရက်                   ဖေဖော်ဝါရီလ ၇ ရက်

ရေးဖြေစာမေးပွဲ ဖြေဆိုမည့်ရက်                                    ဖေဖော်ဝါရီလ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်

အင်တာဗျူးဖြေဆိုခွင့်ရသူစာရင်း ကြေညာမည့်ရက်       ဖေဖော်ဝါရီလ ၁၅ ရက်

အင်တာဗျူးဖြေဆိုရမည့်ရက်                                         ဖေဖော်ဝါရီလ ၁၇၊ ၁၉၊ ၂၁၊ ၂၂ ရက်

ဝင်ခွင့်ရသူစာရင်း ကြေညာမည့်ရက်                              ဖေဖော်ဝါရီလ ၂၅ ရက်

ကောလိပ်သို့လာရမည့်ရက်                                           မတ်လ ၂ ရက် 

ဆက်သွယ်ရန် 

ကရင်နီလူမှုသိပ္ပံကောလိပ်၏ ကျောင်း Facebook Page Messenger ဖြစ်သော Karenni College of Social Sciences and Humanities နှင့် 

Signal Username – Juethit.25 

သို့ဆက်သွယ်နိုင်ပါသည်။ 

အွန်လိုင်း လျှောက်လွှာဖောင် လင့်ကို QR code တွင် scan ဖတ်ပါ။ 

‼️ပြည့်စုံစွာဖြည့်စွက်မထားသော လျှောက်လွှာဖောင်များကို ထည့်သွင်းစဉ်းစားသွားမှာမဟုတ်တဲ့အတွက် သေချာ ပြည့်စုံစွာ ဖြည့်ကြရန် တိုက်တွန်းပါသည်။  

#karennicollegeofsocialsciencesandhumanities

ပို၍ ဖတ်ရှုရန်
လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်း

သင်တန်း

လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်း

Dec 19, 2025

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးမှ ဖွင့်လှစ်မည့် (YLC)သင်တန်းကျောင်း၏ သင်တန်းသူ/သားများခေါ်ယူသည့် ဖောင်များကို ယခင်က ဒီဇင်ဘာလ ၁၈ရက်​နေ့ နောက်ဆုံးရက်ထားရှိလက်ခံမည်ဟု ဆိုထားသော်လည်း အင်တာနက်လိုင်းအခက်အခဲကြောင့် ဖောင်များကို ဖြည့်ရန်​ြကန့်ကြာသွားသော သူများအတွက် အခွင့်အရေးအနေဖြင့် သင်တန်းသူ/သားများ၏ ဖောင်များကို ဒီဇင်ဘာလ ၂၅ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မိမိအနေဖြင့် အသေးစိတ်သိရှိလိုလျှင် KNYO page Chat Boxတွင် လာရောက်မေးမြန်းနိုင်ပါသည်။

မှတ်ချက်။       ။အင်တာဗျူးဖြေကြားရမည့် သူစာရင်းကို ဒီဇင်ဘာလ၂၈ရက်နေ့တွင် KNYO Pageမှ ထုတ်ပြန်ကြေညာသွားမည်ဖြစ်သောကြောင့် ကျောင်းတက်ရန် လျောက်ထား​သော ​သူများအနေဖြင့် မိမိ၏နာမည်စာရင်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

#ကရင်နီအမျိုးသားလူငယ်အစည်းအရုံး 

#karenninationalyouthorganization 

#Karenni 

#knyo

ပို၍ ဖတ်ရှုရန်