စီမံကိန်း
အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများတွင်လူမှုသဟဇတဖြစ်မှုကိုထည့်သွင်းစဉ်းစားနိုင်ရေးအတွက်စွမ်းရည်မြှင့်တင်ခြင်း သင်တန်းပြုလုပ်ခြင်း။
Jan 30, 2026
ကယောလူငယ်အစည်းအရုံး (KwYO)မှ အုပ်ချုပ်ရေးအဖွဲ့များအကြား ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု ရှိပြီး လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုကွာခြားမှုများကြားညှိနှိုင်းဆောင်ရွက်နိုင်မှုတိုးတက်လာစေရန်၊ တာဝန်ရှိမှု ပွင့်လင်းမြင်သာမှု ရှိပြီးဆုံးဖြတ်ချက်များချမှတ်ရာတွင် လူထုအကျိုးစီးပွားအပေါ် ဦးစားပေးမှု မြင့်တက်လာစေရန်၊ လူမှုအသိုင်းအဝိုင်းတွင် ခွဲခြားမှုကင်းစင်ပြီး အမျိုးသမီးနှင့်လူနည်းစုများအတွက်ပူးပေါင်းပါဝင်ခွင့် အခွင့်အရေးများထပ်တူရှိလာစေရန်နှင့်အုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်မှုစွမ်းရည်များ၊တာဝန်ခွဲဝေဆောင်ရွက်မှုများ၊စီမံခန့်ခွဲစွမ်းရည် မြင့်တက်၍စနစ်တကျစီမံဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ (၃)ရက်တာသင်တန်းကို ဖရူဆိုအနောက်ဖက်ခြမ်းရှိ နေရာ(၆)နေရာတွင် သင်တန်း(၆)ကြိမ် ပြုလုပ်သွားခဲ့သည်။
ထိုသင်တန်းတွင်ကျေးရွာအသီးသီးရှိ လူငယ်ခေါင်းဆောင်များ၊ အုပ်ချုပ်ရေးတွင်တာဝန်ယူနေသူများနှင့် စစ်ဘေးရှောင်ကော်မတီများပါဝင်တက်ရောက်ခဲ့ပြီး စုစုပေါင်း လူဦးရေ(၁၇၄)ဦးကို အုပ်ချုပ်ရေးဆိုင်ရာသင်တန်းမျှဝေနိုင်ခဲ့ပါသည်။ ထိုသင်တန်းတွင် လူမှုသဟဇာသဖြစ်မှု (Social Cohesion),ပဠိပက္ခဖြေရှင်းခြင်း Conflict sensitive နှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှု (Good Governance) အစရှိသောခေါင်းစဉ်များဖြစ် အပြန်အလှန်ဆွေးနွေးပို့ချမှုများပြုလုပ်နိုင်ခဲ့သည်။





